MPM Program (Master in Project Management)

Share on facebook
Share on google
Share on twitter
Share on linkedin

MPM Program (Master in Project Management)
Mandalay နဲ့ Yangon Intake များအတွက် လျှောက်ထားနိုင်ပါပြီ

🎓 MPM Program ဆိုတာ???

 ထိုင်းနိုင်ငံ Asian Institute of Technology (AIT) ဟာ နိုင်ငံတကာ ဆောက်လုပ်ရေး သက်မွေးဝမ်းကျောင်းနယ်ပယ်မှာ ဦးဆောင်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး Project Management ပညာရပ်ကို ဘွဲ့လွန် (၁) နှစ်သင်တန်း (Professional Master’s Degree) အဖြစ် သင်ကြားပေးလျက်ရှိပါတယ်

 သင်တန်းသားတွေကို စွမ်းရည်မြင့်မန်နေဂျာတွေနဲ့ အဆုံးအဖြတ်ချမှတ်သူတွေ ဖြစ်လာစေဖို့၊ နိုင်ငံတကာ အကြီးစားစီမံကိန်းတွေမှာ ယုံကြည်မှုအပြည့်နဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ စီမံခန့်ခွဲတက်စေဖို့ ရည်ရွယ်ပြီး သင်ကြားပို့ချပေးလျက်ရှိတဲ့ Program ဖြစ်တဲ့အတွက် ဆောက်လုပ်ရေးနယ်ပယ်မှာ အသက်မွေးဝမ်းကျောင်းပြုလျက်ရှိသူတိုင်း တက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်

 သင်တန်းအချိန်တွေက ရုံးချိန်ပြင်ပဖြစ်တဲ့ သောကြာနေ့ညနေပိုင်း၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ဖြစ်တဲ့အတွက် ရုံးတစ်ဖက်/ အလုပ်တစ်ဖက်နဲ့လည်း တက်ရောက်နိုင်မှာဖြစ်ပါတယ်

🎓 သင်တန်းဝင်ခွင့်အတွက် လိုအပ်ချက်

– Bachelor ဘွဲ့တစ်ခု ရရှိထားရပါမယ်
– လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၃) နှစ် ရှိရပါမယ်
– အင်္ဂလိပ်စာကျွမ်းကျင်မှုအနေနဲ့ IELTS (5.0) သို့မဟုတ် TOEFL (500) အထက် ရှိရပါမယ် (မရှိခဲ့ဘူးဆိုရင်တော့ AIT က စစ်ဆေးတဲ့ English Entry Test ကို ဖြေဆိုရပါမယ်)

🎓 သင်ရိုးညွှန်းတမ်း

– MPM Program ကို Semester ၃ ခု တက်ရောက်ရမှာ ဖြစ်ပါတယ်
– ပထမနဲ့ ဒုတိယ Semester တွေမှာ Core ၊ Advanced နဲ့ Applied Course တွေကို လေ့လာသင်ယူရမှာဖြစ်ပါတယ်
– တတိယ Semester မှာတော့ Project (၁) ကို ကိုယ်တိုင်ဆန်းစစ်လေ့လာပြီး ပြည်ပမှာ ရှိတဲ့ Project တွေကို လက်တွေ့ကွင်းဆင်းလေ့လာရမှာ ဖြစ်ပါတယ်

Core Courses တွေအနေနဲ့
– Project Cost and Financial Management
– Project Planning and Scheduling in Construction
– Quality Management in Construction
တို့ကို သင်ကြားပေးသွားမှာဖြစ်ပါတယ်

Advanced Courses တွေအနေနဲ့
– Organizational Management in Construction
– Legal and Contractual Risk Management
– Occupational Safety and Health Management in Construction Projects
– Communication and Negotiation Skills for Project Managers
– Project Financing
စတာတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်

Applied Courses တွေအနေနဲ့
– Applied Project Management in Housing and Real Estate Projects
– Applied Project Management in Commercial Project
– Applied Project Management in Public Infrastructure Projects
– Applied Project Management in High-Rise Building Projects
– Applied Project Management in Power Plant Projects
– Applied Project Management in Construction Business and Project Simulation
– Applied Project Management in Rural Road
စတာတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်

🎓 သင်တန်းအစီအစဉ်

သင်တန်းနေ့ရက်နဲ့ အချိန်တွေကတော့
သောကြာနေ့ – ညနေ (၆) နာရီ မှ (၉) နာရီ ထိ
စနေနေ့ – မနက် (၉) နာရီ မှ နေ့လည် (၁၂) နာရီ ၊ မွန်းလွဲ (၁) နာရီ မှ ညနေ (၄) နာရီထိ
တနင်္ဂနွေနေ့ – မနက် (၉) နာရီ မှ နေ့လည် (၁၂) နာရီ ၊ မွန်းလွဲ (၁) နာရီ မှ ညနေ (၄) နာရီထိ
ဖြစ်လို့ လုပ်ငန်းခွင်ဝင်ရင်းနဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်

ပြည်ပခရီးစဉ်တွေအဖြစ် (၁) AIT တက္ကသိုလ်တွင်သွားရောက်လေ့လာခြင်း (၂) ပြည်ပနိုင်ငံများတွင် လက်တွေ့ကွင်းဆင်းလေ့လာခြင်း (၃) AIT တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ဘွဲ့ယူခြင်း စသည်ဖြင့် (၃) ကြိမ်ပါဝင်မှာဖြစ်ပါတယ်

🎓 သင်တန်းနေရာ

MPM Program ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ တောင်ကြီးမြို့တွေမှာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်
ယခု Intake မှာတော့ ရန်ကုန်နဲ့ မန္တလေး တန်းခွဲအသစ်များအတွက် လျှောက်ထားနိုင်ပါတယ်

🎓 သင်ကြားပို့ချမည့်သူများ

Project Management နဲ့ ပတ်သက်ပြီး စာတွေ့လက်တွေ့ အတွေ့အကြုံရင့်ကျက်တဲ့ အောက်ဖော်ပြပါ ဆရာတွေက သင်ကြားပေးသွားမှာ ဖြစ်ပါတယ်
(1) Bonaventura H.W. Hadikusumo, Professor
(2) Chotchai Charoenngam, PhD
(3) Djoen San Santoso, PhD
(4) Burin Kunatippapong, M. Eng, M.M.
(5) Christian Brockmann, Professor
(6) Stephen Olubodunwa Ogunlana, Professor
(7) Santi Charoenpornpattana, PhD
(8) Sarsinatt Khriwaphun, M. Eng
(9) Takayuki Minato, PhD
(10) Threerathun Tharachai, PhD
(11) Sakul Pochanart, PhD
(12) Wiboon Tachapaisalkul, M. Eng, MBA
(13) Ng Eng Wan, Regional Finance Manager
=================================
MPM Program နဲ့ ပတ်သက်ပြီး အသေးစိတ်သိလိုတယ်ဆိုရင်တော့
ရန်ကုန်အတွက်
မချယ်ရီမြင့် (Program Officer)
Tel. (09) 796 500 086
Email: [email protected]

မန္တလေးအတွက်
မချိုဇင်အောင် (Program Officer)
Tel. (09) 420 773 902
Email: [email protected]

နေပြည်တော်နှင့် တောင်ကြီးအတွက်
ဦးအောင်မျိုးသိုက် (Program Partner)
Tel. (09) 785 157 276
Email: [email protected], [email protected]

တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

en_USEnglish